ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပဲခူးမြို့၌ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အတက်နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် အတက်နေ့ တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိပြီး

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ပြည်သူ လူထုအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့်အတူ ပြည်သူလူထု ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဟောပြောဆောင်ရွက်မှုကို မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာနှင့် ဘုရားအုပ်ကျေးရွာ မူလတန်း(လွန်)ကျောင်းများ၌ ယမန်နေ့ နံနက်(၉:၃၀)နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါအခြေအနေ၊ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ နေကြာသီးနှံ၊ မိုးကြိုဝါမျိုးစေ့များပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုပြပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ(၇)ရက်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဆင့်မြင့် ပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

သိန္နီမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်တန်း စာမေးပွဲ သမိုင်းဘာသာရပ် ဖြေဆို

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က စတင်ကာ သိန္နီမြို့ အခြေခံပညာ အထက်တန်းကျောင်း (၁) စာစစ်ဌာန တစ်ခုတည်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဟိုပန်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီကရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အိုမီကရွန်အပါ အဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများအား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် ဌာနဆိုင်ရာဝန်ထမ်းများက

ကရသူရိမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-8 ဆက်လက်ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase-8 ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့ မြို့အဝင်အ ထွက်ဂိတ်များတွင် စစ်ဆေးထိုးနှံ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်း အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်က စတင်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ