ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ရန်ကင်းမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

(၂၀၂၂)ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကင်းမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ မိုးကောင်း ဘုရားလမ်းရှိ မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လည် ၁၃း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ် သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

(၂၀၂၂)ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရန်ကင်းမြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ မိုးကောင်း ဘုရားလမ်းရှိ မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ယမန်နေ့ နေ့လည် ၁၃း၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သီတက္ကန် (မြောက်) ကျေးရွာမှ ထွက်ရှိသည့်  မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအကြို အတာအိုးများ ရောင်းအားကောင်း

မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအကြို အတာအိုးများ  ရောင်းအားကောင်းလျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

လက်ပံတန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးကွင်းဆင်း ဆောင်ရွက်

လက်ပံတန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အသက် ၁၈ နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူများကို

အင်းစိန်မြို့နယ်၌ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြု သုံးစွဲနိုင် စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများအား မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ခဲ့သည်။

ပေါက်မြို့နယ်၌ တက္ကသိုလ်ဝင် တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူ များ ဆက်လက်ဖြေဆို

၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ် ၃၁ ရက်နေ့က စတင်ကျင်းပရာ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ဒုတိ ယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံ ပညာအထက်တန်းကျောင်း (အထက-ပေါက်မြို့) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်း သူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုလျက် ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ကျောင်းသူ (၁၄၃၉) ဦး ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၃၁ ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ  ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၁၄၃၉) ဦး အေးချမ်းစွာဖြင့် ဖြေဆိုလျက် ရှိကြောင်းသိရသည်။

ကျုံပျော်မြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြား

လူငယ်များ နွေရာသီအားလပ်ရက်တွင် ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်‌ နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် နွေစပါးရေရရှိရေးဆောင်ရွက်ပြီး၍ တောင်သူများစတင်အသုံးပြုနေပြီဖြစ်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၁-၂၀၂၂ (၆)လဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၁-ခုနှစ်ဒီဇင်ဘာလကစတင် ဆောင်ရွက်သော ကျွဲပေါင်ပင်ကျေးရွာ ဆိုလာစွမ်းအင်စနစ်သုံး လယ်ယာမြေစိုက်ပျိုးရေရရှိ‌ရေး လုပ်ငန်းမှာ ယခုအခါရာနှုန်းပြည့်ပြီးစီး၍ တောင်သူများ၏ နွေစပါးစိုက်ပျိုးသီးနှံအတွက် စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ