ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

သာစည်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေး အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌

ပြည်မြို့၌ ကျောင်းကျန်းမာရေး မှတ်တမ်းကတ်သုံးစွဲခြင်းဆိုင်ရာ သင်တန်းနှင့် Mannual on Primary Oral Health Care သုံးစွဲခြင်း ဆိုင်ရာသင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထက (၃) ခန်းမဆောင်၌ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး မှတ်တမ်းကတ်သုံးစွဲခြင်းဆိုင်ရာ မိတ်ဆက်သင်တန်းနှင့် Mannual on Primary Oral Health Care သုံးစွဲခြင်းဆိုင်ရာ မိတ်ဆက်သင်တန်း ဖွင့်လှစ်ခဲ့သည်။

တားမြစ်ထားသော ငါးဖမ်းနည်းများ အသုံးပြုပါက ထိရောက်စွာအရေးယူမည်

ယခုအခါ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမဖမ်းဆီးရေးကာလကို ဧပြီ ၊မေ ၊ဇွန်လ တို့ကို သတ်မှတ်ထားပြီး တားမြစ်ထားသည့် ငါးဖမ်းနည်းများ အသုံးမပြုရန်နှင့် ပညာပေးမှုများ ပြုလုပ်လျက်ရှိကာ ဖမ်းဆီးနေမှုများတွေ့ရှိပါကလည်း ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ငူ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မီးလောင်လွယ်ကူသည့် ပူပြင်းခြောက် သွေ့ကာလ ရောက်ရှိလာသောကြောင့် မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် မတ်လ (၃၂) ရက်နေ့၊ နံနက်ပိုင်းက

ကြံခင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးမှု ရှိစေရန် စာရင်းများ ကွင်းဆင်းကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုရှိစေရန် မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့်

မံစီမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ခရိုင်ကြီးကြပ်ရေးအဖွဲ့ လာရောက်တွေ့ဆုံဆွေးနွေး

ကချင်ပြည်နယ်၊  ဗန်းမော်ခရိုင်၊  မံစီမြို့နယ်အတွင်းရှိ ပြည်သူများ   ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်ကြီးကြပ်ရေးအဖွဲ့မှ တာဝန် ရှိသူများ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံး အနေဖြင့် အသိပညာပေးလုပ်ငန်းများအား Talk Show အစီအစဉ်ဖြင့် Online မှတစ်ဆင့် လစဉ် ထုတ်လွင့်ပေးလျက်ရှိရာ

ပလောက်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်ကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့သွား ရောက်ငှားရမ်းပေးခဲ့ပါသည်။

ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်း သင်တန်းဖွင့်လှစ်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်း သင်တန်းဖွင့်ပွဲအခမ်းကို ယနေ့ နံနက် (၉) နာရီတွင် အဆိုပါဌာန၌ကျင်းပသည်။

အသက်တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ် ဆေး ထိုးဆေးတိုက်ခြင်းများဆောင်ရွက်ပေး

ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉နာရီမှ စတင်ကာ သက်ဆိုင်ရာကျန်းမာရေးဆေးခန်းများ၌ ထိုးနှံပေးလျက်ရှိသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ