ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်းဝင်း ပုသိမ်မြို့၊ သူနာပြုသင်တန်းကျောင်း သစ်လွင်သူနာပြုများ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပုသိမ်မြို့၊ သူနာပြုသင်တန်းကျောင်း သစ်လွင်သူနာပြု ခန့်အပ်လွှာပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊   သစ်လွင်သူနာပြုများ တက်ရောက်ခဲ့ကြသည်။ 

မင်းဘူး(စကု)မြို့နယ်တွင်အိုမီခရွန်‌‌ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်အန္တရာယ်မှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ထောက်ရှာပင်၊ ဖလရုံ၊ ပိုက်သင်ကျေးရွာများသို့ အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် ၊ နံနက် ၈ နာရီက ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အနောက်ကိုင်းကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော် ခြင်းများ ပူးပေါင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍

အောင်လံမြို့နယ်၌ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်Mask Campaign ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြည်လမ်း အ.ထ.က(၁) ကျောင်းရှေ့တွင် Mask Campaign ဆောင်ရွက်ခဲ့သည်။

ကျောက်ဖြူမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား(ပထမအကြိမ်)ထိုးနှံပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသူများအား ယနေ့ နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက အဆိုပါကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံပေးလျက် ရှိသည်။

လူကုန်ကုးမှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် အကောင်အထည် ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း (၇) ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် မြို့နယ်အတွင်း ကျေးရွာ(၇)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၇)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဖေဖော်ဝါရီ ဒုတိယပတ်တွင် လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားပြုလုပ်

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လယ်ယာမြေဥပဒေ၊ နည်းဥပဒေများရှင်း လင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ပင်းတယမြို့၌ အိုမီခရွန် (Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကူးစက် ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲ သစ် အိုမီခရွန်ကူးစက်ပြန့်နှံ့မှု မရှိစေရေး အတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ