ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများပေးအပ်ပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နံနက် ၈ နာရီ ကဟင်္သာတမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေး ခန်းမတွင် ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။