ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ရန်ကင်းမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ရန်ကင်းမြို့နယ်အမှတ် ( ၃) ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌  ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်ရီထွန်း၊ မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မိုင်းယောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။

ကျွန်းလှမြို့နယ်၌ ဖူဆယ်ဘောလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အသက်(၂၅)နှစ်အောက်၊ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်(၇)နာရီက ရွှေကျွန်းလှ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပကြောင်း သိရသည်။

လမိုင်းမြို့၌ သဘာဝဘေးအန္တရာယ်နှင့် သစ်တောကဏ္ဍ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ လမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်နှင့်သစ်တောကဏ္ဍအသိပညာပေးဆွေးနွေးပွဲ(Talk show)ကို ယနေ့ နံနက် ၁၀နာရီခန့်က လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့ရှိ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကမ်းနားလမ်းအား ကွန်ကရစ်လမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းဘူးမြို့နယ်အတွင်းရှိ လမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက် ကွန်ကရစ်လမ်း ခင်းခြင်းများ ဆောင်ရွက် 

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ လမ်းများ တိုးတက်ကောင်းမွန် စေရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်တို့အတွက် ကွန်ကရစ် လမ်းများခင်းခြင်း၊ ရေနုတ်မြောင်းများ ဖော်ထုတ်ပြုပြင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာများ ခင်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ကြံခင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အထွေတွေအုပ်ချုပ်ရေးဦးစီးဌာန ၏၂၀၂၁-၂၀၂၂ပညာသင်နှစ် ဝန်ထမ်းသား၊သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို  ယမန်နေ့မွန်းလွဲပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း  သိရသည်။

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လယ်ယာ မြေစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

(၄၇)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် လှူဖွယ်ဝတ္ထုများ ဂန့်ဂေါတွင် ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဂန့်ဂေါ စာဖြေဌာန၌ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား (၄၇) ကြိမ်မြောက်အောင် လက်မှတ် များနှင့် လှူဖွယ်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉)နာရီက ဂန့်ဂေါမြို့ သာသနာ့ ဗိမာန် တော်ကြီးတွင် ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမူရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမူရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ  ဘိုးဘွားများအား ဧရာဝတီ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နော်သာဝါးနှင့် ဝန်ထမ်းများကအမှတ် (၂) ရပ်ကွက်နှင့် ပုသိမ်မြို့ပေါ်ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ