ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာအုပ်စုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်

ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာတွင် (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ညောင်အင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံ ငွေကျပ် ၁၀၀ဖြင့် ကျေးရွာ လူထုကိုယ်တိုက်စီမံခန့်ခွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

စစ်တွေမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်ဝါယာရိန်းသင်တန်း ဖွင့်လှစ်သင်ကြားပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စစ်တွေမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်ဝါယာရိန်းသင်တန်းကို ရက်သတ္တသုံးပတ်ကြာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ညောင်လှ-ဆင်စု-ရေချမ်းစင် ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်း ပြည့်ပြီးစီး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသခံ ကျေးရွာနေပြည်သူများ  ကျေးလက်နှင့် မြို့ပြ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ညောင်လှ - ဆင်စု - ရေချမ်းစင် ကျေးရွာချင်းဆက်လမ်းအား မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ် ဆောင်ရွက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေး လက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ 

မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ လစဉ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မကွေးတိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့၏ လစဉ်လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘားအံမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊သံဃာ (၄၈)ပါး ဝင်ရောက်ဖြေဆို

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာရေးဦးစီးဌာန(ကရင်ပြည်နယ်)မှ ပြည်နယ်အတွင်း သာသနာရေးဆိုင်ရာများ ထွန်းကားပြန့်ပွားစေရေးအတွက်ရည်ရွယ်ပြီး ၂၀၂၁ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲကို ဇွန်လပထမပတ်အတွင်း ဘားအံမြို့ရှိ တောင်တန်းသာသနာပြုကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်တွင် အုတ်စီရေမြောင်း တည်ဆောင်ခြင်းလုပ်ငန်း‌ ဆောင်ရွက်မှု(၇၅)ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့် ရေစီး‌ရေလာ‌ကောင်းမွန်စေ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်း များ‌ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်(၂၃.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂) ရပ်ကွက် အထက‌ ကျောင်းလမ်းတွင် အုတ်စီရေ မြောင်း‌တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေး

မကွးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများအတွက် ၂၀၂၁-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မော်လိုက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုတို့အား ယနေ့နံနက်ပိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

လမိုင်းမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင်လှစ်

မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ယနေ့နံနက်ပိုင်းမှ အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းများတွင် ကျောင်းသား ကျောင်းသူများ လာရောက်ပညာသင်ယူ လျက်ရှိသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ