မြို့သစ်မြို့ ကွက်သစ်ရပ်ကွက် စာတိုက်လမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် Read more about မြို့သစ်မြို့ ကွက်သစ်ရပ်ကွက် စာတိုက်လမ်း အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် တိုင်းဒေသကြီး
ကျွန်းစုမြို့တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် Read more about ကျွန်းစုမြို့တွင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စည်ပင်သာယာရေးကော်မတီ က ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ပြောင်းဖူးများ ၀ယ်လိုအားနည်းသည့််အတွက် ပြောင်းစျေးနှုန်းများကျဆင်း Read more about ကိုဗစ်-၁၉ ကာလအတွင်း ပြောင်းဖူးများ ၀ယ်လိုအားနည်းသည့််အတွက် ပြောင်းစျေးနှုန်းများကျဆင်း ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဒေသထွက်ကုန် တစ်မျိုးဖြစ်သော ပြောင်းဖူး များကို ကိုဗစ်-၁၉ ကာလအတွင်း ၀ယ်လိုအားနည်းတာကြောင့် ယခင်နှစ်က ပြောင်းတစ်ပိဿလျှင် ငွေကျပ် ၅၀၀ ၀န်းကျင် ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၄၀၀ ၀န်းကျင်သာရှိပြီး စျေးနှုန်း ကျဆင်း နေကြောင်း ဒေသခံ ပြည်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လွိုင်လင်မြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦးအနက်(၂)ဦးအား ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြု Read more about လွိုင်လင်မြို့၌ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃)ဦးအနက်(၂)ဦးအား ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြု ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃)ဦးရှိရာ လွိုင်လင်ပြည်သူ့ဆေးရုံ ဆေးတပ်ဆွယ်အဆောင်တွင် သီးခြားစောင်းကြည့် ကုသမှုပေးထားပြီးနောက် (၂)ဦးအား ယနေ့ နံနက်(၁၀)နာရီတွင် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး ကျန်တစ်ဦးကို ဆက်လက်ကုသပေးလျက်ရှိကြောင်းသိရသည်။
လားရှိုးတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ စုစုပေါင်း (၅)ဦးတွေ့ရှိ Read more about လားရှိုးတွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ စုစုပေါင်း (၅)ဦးတွေ့ရှိ လားရှိုးမြို့ရှိ Facility Quarantine နှင့် Hotel Quarantine တွင်အသွားအလာ ကန့်သတ်ထား (၂၅၄)ဦး တို့အား လားရှိုးမြို့နယ် ကျန်းမာရေး ဦးစီးဌာနက အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ် တို့ကို မူဆယ်မြို့ရှိ ကျန်းမာရေးဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာ ယမန်နေ့တွင် ထွက်ရှိလာသော အဖြေရလဒ်များအရ လားရှိုးမြို့ ပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားသော Facility Quarantine Center မှ အမျိုးသား (၃)ဦးနှင့် Hotel Quarantine မှ အမျိုးသမီး (၁)ဦး၊ နောင်မွန် ကျေးရွာတွင် Home Quarantine ထားရှိသော အမျိုးသမီး(၁)ဦး စုစုပေါင်း (၅)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ(တွေ့ရှိ)ခဲ့ရသည်ဟု လားရှိုးမြို့နယ် ကိုဗစ်(၁၉)ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံက သိရသည်။
မိုင်းရှူးမြို့၌ ညမထွက်ရအမိန့်ထုတ်ပြန် Read more about မိုင်းရှူးမြို့၌ ညမထွက်ရအမိန့်ထုတ်ပြန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉သည် ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံနှံ့ခဲ့ရာ မြန်မာနိုင်ငံတွင်လည်း ကူးစက်ပြန့်ပွား လျက်ရှိရာ မိုင်းရှူးမြို့နယ် အတွင်းရှိ ပြည်သူများ ရောဂါကူးစက် ခံရမှုမရှိစေရေး မိုင်းရှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်စွဲပါ ရုံးအမိန့်အမှတ် (၆/ ၂၀၂၀)ဖြင့် ညမထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရ သည်။
ဘုတလင်မြို့နယ်၊ တောင်ကုန်း (အရှေ့) ကျေးရွာမှ ခိုင်းနွားတစ်ကောင်တွင် အရေပြား အကျိတ်ရောင်ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိ Read more about ဘုတလင်မြို့နယ်၊ တောင်ကုန်း (အရှေ့) ကျေးရွာမှ ခိုင်းနွားတစ်ကောင်တွင် အရေပြား အကျိတ်ရောင်ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ တောင်ကုန်းကျေးရွာအုပ်စု၊ တောင်ကုန်း(အရှေ့) ကျေးရွာမှ ခိုင်းနွားတစ်ကောင်တွင် အရေပြား အကျိတ်ရောင်ရောဂါ သံသယဖြစ်ဖွယ် တွေ့ရှိ ရကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ကျော်လွင်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဆောင်းမြေပဲစိုက်ခင်းများတွင် တောင်သူပညာပေး ကွင်းဆင်း ဆောင်ရွက် Read more about မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဆောင်းမြေပဲစိုက်ခင်းများတွင် တောင်သူပညာပေး ကွင်းဆင်း ဆောင်ရွက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်း စိုက်ပျိုးထားသော ဆောင်း မြေပဲ သီးနှံ စိုက်ခင်းများ၌ ရောဂါပိုးမွှားကျရောက်မှု အခြေအနေနှင့် တောင်သူပညာပေးခြင်းများကို ယမန်နေ့က မကျီးပင်ကျေးရွာနှင့် ပိုက်သင်ကျေးရွာတို့တွင် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့်ထုတ်ပြန် Read more about တာမိုးညဲမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ညမထွက်ရအမိန့်ထုတ်ပြန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ညမထွက်ရ ရုံးအမိန့်အမှတ်၁၅/၂၀၂၀ကို ထုတ်ပြန် ထားကြောင်းသိရသည်။
ဖယ်ခုံမြို့နယ်၌ အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ် Read more about ဖယ်ခုံမြို့နယ်၌ အခြေခံလူတန်းစားများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များ၏ အုပ်ချုပ်ရေးမှူး ရုံးများတွင် ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။