အလုံမြို့နယ်အ-ထ-က(၇) အသွားအလာကန့်သတ်စောင့်ကြည့်စင်တာ (Quarantine Centre) သို့ နေ့လယ်စာထမင်းဘူး(၁၀၀)လှူဒါန်း
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ-ထ-က(၇)အလုံ အသွားအလာကန့်သတ် စောင့်ကြည့် နေရာရှိ အသွားအလာကန့်သတ်ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ယမန်နေ့က နေ့လယ်စာအတွက် ထမင်းဘူးများလာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။