ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဘာသာရပ်များအားလုံး) စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များအလိုက် စာစစ်ဌာနများ၌ မတ်လ ၁၁ ရက်မှစတင်ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဘေးကင်းလုံခြုံစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဘာသာရပ်များ အားလုံးဖြေဆိုပြီးစီးကြကြောင်း သိရသည်။