နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အပူရှောင်စန်းဖွင့်လှစ်ပေး
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကကြီးမှူး၍ နတ်မောက်မြို့နယ်အတွင်း နွေရာသီကာလအပူရှိန်မြင့်မားလာမှုကြောင့် ပြည်သူများအပူဒဏ်ကြောင့်ဖြစ်ပွားသော ဘေးအန္တရာယ်များမှကာကွယ်နိုင်ရန်အတွက် အပူရှောင်စခန်းကို ယမန်နေ့နံနက်ပိုင်းက စျေးရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။