မကွေးတိုင်းဒေသကြီးတိုင်းဥပဒေချုပ်ရုံး၌ ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းနားကျင်းပ
မကွေးတိုင်းဒေသကြီး၊ တိုင်းဥပဒေချုပ်ရုံး၌ ဝန်ထမ်းများအားလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ တိုင်းဥပဒေချုပ်ရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ယမန်နေနံနက်ပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ ရုံးအဖွဲ့မှူး၊ ဒုတိယတိုင်း ဒေသကြီးဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။