မကွေးတိုင်းဒေသကြီး

ဆင်ပေါင်ဝဲမြို့၌ စည်သွပ်ဘူးအစားအစာအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆငိပေါင်ဝဲမြို့နယ်၌ စည်သွပ်ဘူးအစားအစာအမျိုးမျိုးအား ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် စျေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဂန့်ဂေါမြို့နယ်တွင် ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးသူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်ရှိ အခြေခံပညာအလက်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)ကျောင်းနှင့် ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအလက်တန်းကျောင်း(ခွဲ) (ကျောတိုက်)ကျောင်းတို့တွင် KG ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းအခြေပြု ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့၌ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးစီးမှူး ဦးနိုင်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးစည်သူကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆိုင်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအ​ခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် လွယ်ကူချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သိမ်ကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေဖြင့် သိမ်ကုန်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချောက်မြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာ​ပေး​ဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြသ

မကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊ ​ချောက်မြို့နယ်တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို လူထုအ​ခြေပြုဗဟိုဌာန (Community   Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် ရုံးရှေ့မြေစိုက်ဘုတ်တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်သည်။

စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေး ကုသပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက်(၉)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများအား အခြေခံစားကုန်”စားသုံးဆီ” တစ်ပိသာလျှင်(၇၅၀၀)ကျပ်ဖြင့်ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ဆီကုန်သည်များအသင်းမှ ဦးဆောင်၍ အခြေခံစားကုန်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီက စည်ပင်သာယာ ဈေးအနောက်ဘက် ဦးသန်းကျော်ကုန်စုံဆိုင်တွင် ရောင်းချပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းညောင်ပင်သာဆိုလာလျှပ်စစ်မြစ်ရေတင် စီမံကိန်းတွင်(၄၀၀) ကီလိုဝပ်ဆိုလာဓာတ်အားပေးစနစ်ဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မွှန်းညောင်ပင်သာ ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်းတွင် (၄၀၀) ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မင်္ဂလာအချိန်၌ (၄၀၀)ကီလိုဝပ်ဆိုလာဓာတ်အားပေးစနစ် မုဒ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပန်းပွားအဖွဲ့၊ ဒိုးပတ်ဝိုင်းအဖွဲ့များအား ဂုဏ်ပြုငွေများချီးမြှင့်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
Subscribe to မကွေးတိုင်းဒေသကြီး