စလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကူတိုကျေးရွာ အလယ်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍၊ ယနေ့နေ့လယ် (၁၂)နာရီ ၃၀ မိနစ်အချိန်၌ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ ဆောင်ရွက်သည်။