စလင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးသရုပ်ပြသခြင်း ပေါင်းနားရပ်ကွက်နေ ပြည်သူများအား စမ်းသပ်မဲပေးမှု အသိပညာပေးသရုပ်ပြ
မကွေးတိုင်းတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး၊ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲတွင်အသုံးပြုမည့်၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်း၊ အသိပညာပေးလုပ်ငန်းကို၊ ရပ်ကွက်များအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပေါင်းနားရပ်ကွက်ရှိ ရှင်ပင်ပိဿနာဘုရား အာရုံခံတန်ဆောင်းအတွင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။