မကွေးတိုင်းဒေသကြီး

ငဖဲမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် စာစစ်ဌာနများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ကြည့်ရှုစစ်ဆေးခြင်းကို တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ဆောင်ရွက်သည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား Online စနစ်ဖြင့် ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား Online စနစ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်တွင်းကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ခန်းမ၊ ရန်ပယ်အားကစား မိုးလုံလေလုံခန်းမ၊ မြို့နယ်ပညာရေးမှူးရုံးအပေါ်ထပ် အစည်းအဝေးခန်းမတို့၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ပခုက္ကူ)၌ သူနာပြု-သားဖွား အတတ်ပညာရှင်ပေါင်း ၁၈၂၆ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(ပခုက္ကူ)ကို ပြည်သူအားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ထူးချွန်ထက်မြက်ပြီး ကျင့်ဝတ်သိက္ခာနှင့် ညီညွတ်သော၊ အရည်အသွေးပြည့်ဝသော သူနာပြု-သားဖွားဆရာဆရာမများ မွေးထုတ်ပေးနိုင်ရေးတို့အတွက် ရည်ရွယ်၍  ၁၉၆၂ ခုနှစ်မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သူနာပြု-သားဖွားအတတ်ပညာရှင်ပေါင်း ၁၈၂၆ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အွန်လိုင်းစနစ်ဖြင့် သင်ခန်းစာပို့ချခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ဝါးကြီးအိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့၌ သင်တန်းပို့ချ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော နေကြာ ၅၆၄၀ ဧကထိ ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သော နေကြာသီးနှံ ၅၆၄၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၈ ဒသမ ၃၄ တင်း ထွက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သရက်မြို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး Online ဖြင့် ဆွေးနွေးပို့ချ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေး Online ဖြင့် ဆွေးနွေးပို့ချခြင်းကို တက္ကသိုလ်များမှ သက်ဆိုင်ရာဘာသာအလိုက် တာဝန်ရှိသူများက ယနေ့ နံနက် (၉)နာရီတွင် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ သင်ကြားပို့ချလျက်ရှိသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အခမ်အနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ချင်းတိုင်းရင်း သား၊ တိုင်းရင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

ပခုက္ကူမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ကြသည်။ 

စလင်းမြို့နယ်တွင်၂၀၂၅၊ ၂၀၂၆ ပညာသင်နှစ် Grade-12 ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး Online ဆွေးနွေးပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12  တက္ကသိုလ်ဝင်စာမေးပွဲ၊ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချခြင်းကို ယမန်နေ့နံနက်(၉)နာရီက၊ စလင်းမြို့ အမှတ်(၁) အခြခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် (Online)ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

မင်ဘူး(စကု)မြို့နယ်၌ ၂၀၂၆ ပညာသင်နှင် Grade -12 အောင်ချက်မြင့်မားရေး Online သင်တန်းပို့ချ ဆွေးနွေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေး Online သင်တန်းကို ယနေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်၌ ကျင်းပပြုလုပ်သည်။
Subscribe to မကွေးတိုင်းဒေသကြီး