မကွေးတက္ကသိုလ်မှ သင်ကြားပို့ချသည့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး (Online Class) သင်တန်းတွင် ပခုက္ကူမြို့နယ်မှ ကျောင်းသား ကျောင်းသူ ၉၈၅ ဦး တက်ရောက်သင်ယူ
၂၀၂၆ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ (Grade-12) ကျောင်းသား ကျောင်းသူများအားလုံး ဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးတို့အတွက် ရည်ရွယ်၍ မကွေးတက္ကသိုလ်မှ သင်ကြားပို့ချသော တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး (Online Class) သင်တန်းတွင် ပခုက္ကူမြို့နယ်မှ ကျောင်းသား ကျောင်းသူ ၉၈၅ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရသည်။