ကျောက်စံနှင့်ကန်းနီ လျှပ်စစ်ရေတင်စီမံကိန်းဖြင့် နွေစပါး ဧကများအတွက် ရေပေးဝေစိုက်ပျိုး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကျောက်စံနှင့် ကန်းနီလျှပ်စစ်ရေတင် စီမံကိန်းများဖြင့် နွေစပါးဧက ၃၅၀ အတွက် ရေပေးဝေစိုက်ပျိုးနေပြီဖြစ်ကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တာဝန်ခံအရာရှိ ဦးစိုးညွန့်လင်းထံမှ သိရသည်။