စေတုတ္တရာမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ကျောင်းသူများ ယဥ်ကျေးလိမ္မာမှုရှိစေရန်၊ ဗုဒ္ဓတရားတော်များကို အခြေခံမှစ သိရှိနားလည်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီတွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။