မကွေးတိုင်းဒေသကြီး

မြို့သစ်၌ ဒေသထွက်ငရုပ်သီးစိမ်း စျေးကောင်းရ၍ အဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိပြီး ရောင်းချချိန် ငရုပ်သီးစိမ်းစျေးများ ထက်ဝက်ခန့် ပြန်လည်စျေးမြင့်တက်လာကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM Installation နှင့် ဘက္ထရီတပ်ဆင်မှုဆိုင်ရာသင်တန်း (ဆင့်ပွား)သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်ခန်းမ၌ ယမန်နေ့နံနက် (၉)နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM Installation နှင့် ဘက္ထရီတပ်ဆင်မှုဆိုင်ရာ သင်တန်း(ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)တွင် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)ရှိ RC(၂)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေနံနက် ၈ နာရီခွဲက အဆိုပါ နှစ်ထပ် ကျောင်းဆောင်သစ်ရှေ့၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်သည်။

ရေနံချောင်းမြို့နယ်၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောဆောင်ရွက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဂန့်ဂေါမြို့၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) တွင် ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲပြုလုပ်

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ  ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၊ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ကျော်ဇင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှ ခေတ္တကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား(၈၆)ဦးအား စစ်ဆေးမှုပြုလုပ်ခဲ့ပြီး‌နောက် စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေး အကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်းဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ပြီးနောက် သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ကာ သင်တန်းဆင်း သင်တန်းသားများက စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြသည်။

နတ်မောက်မြို့နယ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ရေငံကျေးရွာအုပ်စု၊ ပ/ကျားထူးကျေးရွာ၌ ကျေးရွာတွင်းလျှပ်စစ်မီးလင်းရေး ၁၆၀၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင့်လွင် အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး (၃၈)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး)သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေး၏ (၃၈)ကြိမ်မြောက် လက်ထောက်ကျန်းမာရေးမှူး(အကျဉ်းချုံး) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊  အဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်ကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

၂ဝ၂၄ခုနှစ် လူမှုရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ပထမဆု ရရှိခဲ့သော မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား ထပ်ဆင့်ဂုဏ်ပြု 

မကွေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၄)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲနှင့်တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့် ခရိုင်/မြို့နယ်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မကွေးမြို့နယ် စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပေတောကျေးရွာအုပ်စု၊ ပေါက်ကုန်းရွာသစ်ကျေးရွာတွင် စတုတ္ထအကြိမ်  မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မကွေးတိုင်းဒေသကြီး