ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ ချည်မျှင်ရှည်ဝါ တစ်ဧကလျှင် ၅၂၄ ပိဿာ ထွက်ရှိ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ချည်မျှင်ရှည်ဝါသီးနှံ ၁၄၀၂ ဧကအထိ ခူးဆွတ်သိမ်းဆည်းပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၅၂၄ ပိဿာနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။