မြို့သစ်မြို့နယ်တွင် မဲရုံပြုလုပ်မည့်နေရာများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ မဲရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။