တနင်္သာရီတိုင်းဒေသကြီး

ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနား ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို တိလောကာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးမှူး၍ အ.ထ.က ခမောက်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ် (၁) နာရီခန့်က သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက် နှစ်သစ်မင်္ဂလာအချိန်အခါတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကို မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယနေ့ ညနေ (၄) နာရီက ကျင်းပခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ  အကျဉ်းသား/သူ စုစုပေါင်း(၃၂)ဦး လွှတ်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ်အခါသမယအထိမ်းအမှတ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/သူ(၃၂)ဦးအား ယနေ့ နံနက်(၁၁)နာရီက လွှတ်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၁၃၈၇ ခုနှစ် ၊ မြန်မာနှစ်ဆန်း(၁)ရက် ၊ ဇီဝိတဒါနငါး လွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁) ရက်ဇီဝိတဒါန ငါးလွှတ်ပွဲ ကိုယနေ့နံနက် ၇ နာရီ ကထားဝယ်မြို့၊ ဒေါင်းငူ/တံငါရပ်ကွက် ၊ ဆိပ်ကမ်းသာဘောတံတား၌ကျင်းပသည်။

ထားဝယ်မြို့တွင် လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အေးသင်္ကြန်ဆင်နွှဲနေမှုအား တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ကြည့်ရှုအားပေး

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ လမ်းလျှောက်သင်္ကြန်ကို မြန်မာရိုးရာယဉ်ကျေးအစဉ်အလာများနှင့်အညီ အေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ်များဖြင့် ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသ၌ မြန်မာ့ရိုးရာသင်္ကြန်အကြတ်နေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ပြီး အေးသင်္ကြန်ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်သို့ကူးပြောင်းမည့် နှစ်သစ်အခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ယဉ်ကျေးသိမ့်မွေ့ပြီး အေးချမ်းသာယာသည့် နှစ်သစ်ကူးအတာသင်္ကြန်ကို အေးသင်္ကြန်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ဒေသခံပြည်သူများက မြန်မာမှု၊ မြန်မာဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များနှင့်အညီ ပါဝင်ဆင်နွှဲလျက်ရှိကြသည်။

ဘုတ်ပြင်းမြို့၌   မဟာပဋ္ဌာန်းအသံမစဲရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကပ်ကြီးသုံးပါးဘေးအန္တရာယ်မှကင်းဝေးစေရန်ရည်ရွယ်၍ မဟာပဋ္ဌာန်းအသံမစဲရွတ်ဖတ် ပူဇော်ပွဲပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို  ယမန်နေ့ညနေ (၃)နာရီအချိန်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ မြို့ကျက်သရေဆောင် အောင်တော်မူစေတီတော်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၁၈)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာရှိ “အလင်းရောင်” စာကြည့်တိုက်သစ်ဖွင့်ပွဲသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် နှစ်(၈၀)ပြည့်တပ်‌မတော်နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ကော့သောင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာရှိ “အလင်းရောင်” စာကြည့်တိုက်သစ်ဖွင့်ပွဲ အခမ်းအနားသို့ ယမန်နေ့နံနက်ပိုင်းက တက်ရောက်ကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ  ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ နယ်စပ်အဝင်/အထွက် ဂိတ်မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့်လုပ်ငန်းနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ် တရားရုံးသစ် အဆောက်အဦတည်ဆောက်သည့် လုပ်ငန်းအဆောက်အဦနေရာများသို့  ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး