မြိတ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွှင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကိုရိုးရာမပျက် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် မတ်လ (၂၆)ရက်နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။