တရုတ်ပညာရှင်အဖွဲ့က သဗ္ဗညုဘုရားကြီး၏နံရံရှိ ထုံးသားလွှာများ သန့်စင်ရာမှ နံရံဆေးရေးပန်းချီများ ဖော်ထုတ်တွေ့ရှိ
၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သဗ္ဗညုဘုရားကြီးအား တရုတ်ပညာရှင်အဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ထိန်းသိမ်းရေးဌာနစု အင်ဂျင်နီယာများနှင့်ပူးပေါင်း၍ အဆောက်အအုံပိုင်း ပြုပြင်ထိန်းသိမ်းခြင်း (Structural Conservation)၊ နံရံပန်းချီထိန်းသိမ်းခြင်း (Mural Conservation)နှင့် တူးဖော်သုတေသနပြုခြင်း (Excavation) လုပ်ငန်းများကို အပိုင်းလိုက် ခွဲခြားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။