အီလက်ထရောနစ်မဲပေးစက် နည်းပညာအထောက်အကူပြုဆင့်ပွားသင်တန်း ကော့ကရိတ်မြို့တွင် ဖွင့်လှစ်
- Read more about အီလက်ထရောနစ်မဲပေးစက် နည်းပညာအထောက်အကူပြုဆင့်ပွားသင်တန်း ကော့ကရိတ်မြို့တွင် ဖွင့်လှစ်
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြု ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ဒေါနခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ကြသည်။