ထားဝယ်မြို့နယ်အတွင်း မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကွင်းဆင်းစိစစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့ ညနေပိုင်းတွင် ထားဝယ်မြို့အတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စိစစ်ဆောင်ရွက်လျက်ရှိသည်။