ကျွန်းစုမြို့၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြိုနယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်းပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၁ ရက်က လူစည်းကားရာ နေရာများ၌ အခမဲ့ ဖြန့်ဝေသည်။