ပေါက်တောမြို့ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြော
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့ မြို့မအခြေခံပညာအထက်တန်းကျောင်းရှိ စုပေါင်းခန်းမ၌ ကျင်းပသည်။