ရွှေကျင်မြို့တွင် ကလေးအလုပ်သမားလျှော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (တပ်နယ်)ကျောင်း ပညာအလင်းရောင်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က ကျင်းပသည်။