ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ ၁၉၆၈၄ ဦး တက်ရောက်ပညာသင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန ၊ (Community Centre) ခန်းမတွင် " က‌လေး သူငယ်ကာကွယ် စောင့်ရှောက်ရေး အသိပညာပေး” (Talk Show) ဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်စေရေး အထူးအလေးထားရည်ရွယ်လျက် က‌လေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အသိပညာပေး” (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre  )ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်( ၉ ) နာရီအချိန်က  စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။              

မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဘေးသင့်ပြည်သူများထံ အာဆီယံနိုင်ငံများမှပေးပို့သည့် အကူအညီပစ္စည်းများတတိယအသုတ် လွှဲပြောင်းလက်ခံ

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့် စုစုပေါင်းအမေရိကန်ဒေါ်လာ ခန့်မှန်း ၅၃,၀၀၀ ကျော် တန်ဖိုးရှိ အရေးပေါ်အကူအညီပစ္စည်းများ  တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲကို သယ်ဆောင်လာသည့် World Cargo Airlines မှ လေယာဉ်သည် ယမန်နေ့နံနက် (၁၁ နာရီ ၄၀ မိနစ်)က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ပုလောမြို့နယ်တွင် သုတ/ရသ စာအုပ်စာစောင်များ မိုဘိုင်းစနစ်ဖြင့် ငှားရမ်းပေး

သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန်တိုးတက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများထံအရောက် မိုဘိုင်းစနစ်ဖြင့် သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

နမ့်ခမ်းမြို့၊ အောင်ချမ်းသာရပ်ကွက်အတွင်း စာဖတ်ရှိန်မြှင့်င်နိုင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရပ်ကွက်များအတွင်းသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း၍ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထိုက်စိုးနှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၈:၀၀)အချိန်က ကြခတ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်းကာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ လစဉ် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းခြင်း ဆောင်ရွက်

မန္တ‌လေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် လစဉ်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မဟာအောင်မြေမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ စာအုပ်၊စာ‌စောင်များ သွားရောက်ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်း ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) ၌ဖွင့်လှစ်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်သူများမှစာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား/သူလေးများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ အချင်းချင်းစာပေနှီးနှောဖလှယ်တတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က စာရေးဆရာ စိုးသူ LPZ ရေးသားသည့် "လူငယ်တွေရဲ့ ရွှေရောင်အိမ်မက်များဆီသို့" စာအုပ်အားစာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ