ဥတ္တသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်/ ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ရုံးဝန်ထမ်းများက ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။