မြစ်သားမြို့နယ်တွင် မိုးသီးနှံ၊ မိုးစပါး စိုက်ပျိုးမည့်တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများ မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် မိုးသီးနှံ၊ မိုးစပါး စိုက်ပျိုးမည့်တောင်သူများအား တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျောင်ပန်းကုန်းကျေးရွာအုပ်စု၊ ထနောင်းကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။