အမြို့မြို့အနယ်နယ်သတင်းများ

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ခြင်း တစ်နှစ်ပြည့်သည့်အထိမ်းအမှတ် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပရိတ်ရေများ ပက်ဖျန်းခြင်း ပြုလုပ်

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ခြင်း တစ်နှစ်ပြည့်သည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့နံက် ၁၀ နာရီက ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေးကားလမ်းကြီးနှင့် မြို့တွင်းရပ်ကွက်လမ်းများ၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ပရိတ်ရေများပက်ဖျန်းခြင်းအခမ်းအနား ကျင်းပကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များကို ဂုဏ်ပြုပူဇော်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် စာဖြေဌာနမှ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်ရှိ မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာကန်တော့ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သော ကျောင်းသား/ကျောင်းသူဟောင်းများက ၄င်းတို့အား ပညာသင်ကြားပေးခဲ့သော အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား (ဒဿမ) အကြိမ်မြောက် ပူဇော်ကန်တော့ခြင်းအခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီက ဘိုကလေးမြို့ အ-ထ-က (၂) ကျောင်းတွင် ကျင်းပခဲ့သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင်၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲဆက်လက်ဖြေဆို

သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မတ် ၂၈ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် ဆက်လက်ကျင်းပပြုလုပ်သည်။

ပန်းတောင်းမြို့နယ်တွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပါဠိပထမပြန် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုငွေများ ဆက်ကပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သံဃာတော်များ၊ သီလရှင်များအား ဘွဲ့တံဆိပ်တော်၊ အောင်လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပန်းတောင်းမြို့နယ် သာသနာ့ဗိမာန်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

သရက်မြို့နယ်တွင် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြား

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Centre လူထုအခြေပြုဗဟိုဌာနတွင် မတ်လ ၂၃ ရက်နေ့မှစတင်ပြီး နေ့စဉ်နံနက် ၈ နာရီအချိန်တွင် နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲဓမ္မသင်္ဂဏီကျမ်း (ဒုတိယနေ့) နောက်ဆုံးရက်ဖြေဆို

၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မဟာအောင်မြေမြို့နယ် အ.ထ.က (၁၃) ကျောင်း စာဖြေဌာန၌ မတ် ၂၇ ရက်နေ့ မွန်းလွဲပိုင်းက (ဒုတိယနေ့) နောက်ဆုံးရက်ဖြေဆိုကျင်းပသည်။

သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယမန်နေ့နံနက် ၁၁ နာရီက အနောက်ရပ်ကွက်အတွင်းရှိ နေအိမ်များနှင့်ဈေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် (ဒုတိယ) အကြိမ်မြောက် နှစ်သစ်ကူး နှစ်ဦးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်နှင့် ကန်သာယာညောင်ဝိုင်း ရပ်ကွက်သူ/ ရပ်ကွက်သားမိသားစုများက ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတိယ) အကြိမ်မြောက် နှစ်သစ်ကူးနှစ်ဦးတရားအလှူတော်ဓမ္မသဘင်ပွဲကို မတ် ၂၈ ရက်နေ့ ည (၇) နာရီအချိန်မှစတင်၍ ကျွန်းတောရပ်ကွက်နှင့် ကန်သာယာညောင်ဝိုင်းလမ်းမကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ