အမြို့မြို့အနယ်နယ်သတင်းများ

လိပ်သိုမြို့နယ်တွင် နနွင်းတက်များ တွင်ကျယ်စွာ တူးဖော်ရောင်းချချိန် စျေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နနွင်းတက်များ တွင်ကျယ်စွာ တူးဖော်ရောင်းချချိန် နနွင်းခြောက်များ စျေးကောင်းရလျက်ရှိသည်။

မှော်ဘီမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ဘိက္ခုပါထိမောက်ဘာသာကျမ်းစာမေးပွဲကို မတ် ၂၉ ရက်နေ့က မှော်ဘီမြို့နယ်လုံးဆိုင်ရာ သာသနာဗိမ္မာန်တော်ကြီး၌ကျင်းပ၍ ဆက်လက်ဖြေဆိုသည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ယိမ်းအကအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံမြန်မာ့သိုင်းပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်သိုင်းဆပ်ကော်မတီတို့ ဖွင့်လှစ်သော အခြေခံမြန်မာ့သိုင်းပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အုတ်တွင်းမြို့နယ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ န၊မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သန်လျင်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ မြို့နယ်သာသနာရေးဦးစီးဌာန ကြီးမှူးကျင်းပသော အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့ မွန်းတည့် (၁၂) နာရီတွင် သာသနာ့ဗိမ္မာန်တော်ကြီး၌ စတင်ဖြေဆိုလျက်ရှိသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်း အမှတ် (၈) ရပ်ကွက် Asia energy ၊ အမှတ် (၇) ရပ်ကွက် DENKO ၊ TERMINAL နှင့် အမှတ် (၅) ရပ်ကွက် မွန်းဆန်းစက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှုအခြေအနေတို့ကို မတ် ၂၉ ရက်နေ့ နံနက် (၁၀) နာရီတွင် တာဝန်ရှိသူများက လိုက်လံစစ်ဆေးသည်။

သုံးခွမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်အကြောင်း အသိပညာပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်အကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို မတ်လ ၂၉ ရက် နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။

သံတောင်ကြီးမြို့တွင် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချသူများ အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာဉယျာဉ်ခြံ လုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မရမ်းသီးပင် စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် မရမ်းသီးအစိုများ ဝယ်လိုအားနည်းခြင်းကြောင့် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချသူများအပိုဝင်ငွေရရှိကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ