ချောင်းဆုံ မတ် ၃၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။
မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယိမ်းအဖွဲ့(၄)ဖွဲ့မှ ယိမ်းအကများကို သက်ဆိုင်ရာနေရာများတွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို ချောင်းဆုံအနောက်ရပ်ကွက်၊ မဟာကန်တော်ကြီးအရှေ့တွင် ဆောက်လုပ်ပြီ မဟာကန်တော်ကြီး အရှေ့လမ်းတစ်လျှောက်တွင် လမ်းလျှောက်သင်္ကြန်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)