အမြို့မြို့အနယ်နယ်သတင်းများ

ကန့်ဘလူမြို့၌ လူမိုက်ကိုရှောင်လို့ရနိုင်ပါသလား ဆောင်းပါးအား စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင်(Youth Club)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်( ၁၂)မှ ဆရာမောင်ဒီပ(ပညာရေး) ရေားသားသည့် “လူမိုက်ကို ရှောင်လို့ရနိုင်ပါသလား” ဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို မတ် ၂၄ ရက်နံနက်က ကန့်ဘလူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကျိုင်းတုံမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲ ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ကျိုင်းတုံ)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)သင်တန်းဆင်းပွဲကို ယနေ့တွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ငဖဲမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး(MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲ ဒုတိယနေ့ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၏လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ပေးရေး(MHPSS) မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲကို မတ် ၂၄ ရက်နေ့နံနက် ၉နာရီအချိန်က ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ဆက်လက်ဆောင်ရွက်သည်။

မအူပင်မြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားလာနိုင်သဖြင့် ပြည်သူများ အနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အပူဒဏ်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ဈေးနှုန်းထက် ဈေးမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး အသိပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်များနှင့် စက်သုံးဆီများရောင်းချခြင်း ရှိ/မရှိနှင့် စက်သုံးဆီချွေတာသုံးစွဲရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်သည်။

မအူပင်မြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့်(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီက လူစည်ကားရာ နေရာများ၊ မြို့မစျေးနှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

မိုင်းဆတ်မြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီတွင် အမျိုးသမီးသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာများမှတောင်သူများ တနှစ်လျှင်ပြောင်းဖူးလေးကြိမ်ထိ စိုက်ပျိုးရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုမှ ကျေးရွာများ တနှစ် ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် ဈေးနှုန်းကောင်းရရှိနေကြကာ သင်္ကြန်နားနီးလေ ဈေးနှုန်းကောင်းလေဖြစ်နေကြောင်း ပြောင်းဖူးစိုက်ပျိုးတောင်သူများထံကသိရသည်။

ညောင်ဦးမြို့နယ်၌ သင်္ကြန်အတာအိုးများရောင်းအားကောင်းပြီး ဈေးနှုန်းကောင်းရရှိနေ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလအကြို ညောင်ဦးမြို့နယ်၊ငါ့သရောက်မြို့၊ တောင်ကုန်းကျေးရွာထွက် အတာသင်္ကြန်အိုးများရောင်းအားကောင်းနေကြကြောင်း တောင်ကုန်းကျေးရွာ အတာသင်္ကြန်အိုးရောင်းနေသည့် ဦးစိန်မြင့်ထံက သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို ဆုတောင်းပြည့် မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် ဖြေဆိုလျက်ရှိကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ