ဟင်္သာတမြို့နယ်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများအကြောင်း၊ ကျား၊ မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေးအခမ်းအနားကို ဖေဖေါ်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်၌ ကျင်းပခဲ့သည်။