မံစီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်မည့် ရွေးကောက်ပွဲအထူးရဲများကို ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေး
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့သည်။