ချင်းပြည်နယ်၊ မတူပီမြို့နယ်၌ ပြည်နယ်ဘတ်ဂျတ်ဖြင့် ဘောလုံးကွင်းများ တို့ချဲ့တူးဖော်ရန် ကျေးရွာများသို့ သတ်မှတ် နေရာများ ကြည့်ရှုစစ်ဆေး
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်၊ ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပြည်နယ် ဘတ်ဂျတ်ဖြင့် ဘောလုံးကွင်းများ တူးဖော်ရန်အတွက် သတ်မှတ်ထားသော နေရာများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်အားကစားမှူးနှင့် ဖနိုင်ဘောလုံးကွင်းတူးဖော်ရေး ကော်မတီများပူးပေါင်းကာ အောက်တိုဘာလ ၁၂ ရက်နေ့က ဖနိုင်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။