ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း ဆောင်းသီးနှံကုလားပဲ စမ်းသပ်စိုက်ပျိုးမည်
ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့ ရရှိနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သည့်ဆောင်းသီးနှံ ကုလားပဲ ဒေသနှင့် ကိုက်ညီမှု ရှိ/မရှိကို အောက်တိုဘာလအတွင်း ဟားခါးမြို့၊ စျေးဟောင်းရပ်ကွက် ဟိုင်တလန် စိုက်ပျိုးရေးခြံတွင် စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။