ပွင့်ဖြူမြို့နယ်၌ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေမှု ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေး အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့်ရရှိရေး ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ကျောင်းဝန်း နယ်မြေလုံခြုံရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။