တာလေတွင် တညင်းသီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလေ့ရှိကြရာ ယခုတညင်သီးပေါ်ချိန်တွင် မိသားစု အပိုဝင်ငွေရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ တာလေမြို့ဒေသခံပြည်သူများ နှစ်စဉ် ပုံမှန်ဝင်ငွေရရှိလျက်ရှိသည့် ဒေသထွက်ရာသီပေါ် တညင်းသီးများကို မြို့ပေါ်နှင့် ကျေးလက်နေ တိုင်းရင်းသားများအချို့မှ နေအိမ်ခြံဝင်းများနှင့် ဥယာဉ်ခြံမြေများတွင်တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် တညင်းသီးများ လှိုင်လှိုင်ပေါ်နေလျက်ရှိရာ ဈေးကောင်းရောင်းချရ၍ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။