ထန်တလန်မြို့၌ ကလေးမြို့မှ ရောက်ရှိလာသူတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကလေးမြို့မှ ရောက်ရှိလာသူ အမျိုးသားတစ်ဦး၏ ဓာတ်ခွဲနမူနာကို RDT ဖြင့် စစ်ဆေးရာ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။