အင်ဂျန်းယန်မြို့၌ မိသားစုဝင်ငွေ တိုးပွားရေး စိုက်ပျိုးရေး နည်းပညာပေး

အင်ဂျန်းယန်  ဇန်နဝါရီ 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အင်ဂျန်းယန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးနည်းပညာကို စိတ်ပါဝင်စားသည့် ပြည်သူများအား မိသားစုဝင်တိုးပွားစေရန် ရည်ရွယ်၍ အချိန်ရာသီမရွေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သည့် ကောက်ရိုးမှို သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အင်ဂျန်းယန်မြို့ တပ်ဦးအောင်ဆုပန် ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကောက်ရိုးမှို စိုက်ပျိုးရာတွင် နည်းစနစ်များ မှန်ကန်စေရေး၊ အပူချိန်မျှတစေရေးစသည့် နည်းပညာများကို မြို့နယ်ဦးစီးမှူး ဦးထိန်ဝင်းနှင့် ဝန်ထမ်းများက စာတွေ့သင်ကြားပေးခြင်း၊ လက်တွေ့ သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ပြီး စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)