ပြင်စလူမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကျေးလက် ကျန်းမာရေးဌာနမှ မြို့အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။