နေရပ်ပြန်ငါးဦးနှင့်ကယ်ရီလိုက်ပို့သူတစ်ဦး စောင့်ကြည့်ရက်ပြည့်၍ ပြန်ခွင့်ပေး
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အိန္ဒိယပြန်ငါးဦးနှင့်ကယ်ရီလိုက်ပို့သူတစ်ဦးကို အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းတွင် ရက်သတ္တပတ်နှစ်ပတ်ထားစောင့်ကြည့်ကာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာ ရောဂါပိုး မတွေ့ရှိ၍ ယမန်နေ့နံနက် ၁၁ နာရီက ပြန်ခွင့်ပေးပြီး မိမိနေအိမ်တွင် Stay Home တစ်ပတ်နေထိုင်ရမည်ဟု မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါ်ဆွီးနွာမ်က ပြောသည်။