(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) ၌ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်လေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ပန်းချီ၊ကဗျာ၊စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။