မက်မန်းမြို၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်“အောင်မြင်ရေးသော့ချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေဖတ်ရှု သည့် အလေ့အထများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် လူနေမှုဘဝတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ညီညီနိုင်၏ “အောင်မြင်ရေးသော့ချက်” စာအုပ် ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။