ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ခြင်းအား ယနေ့ နံနက် ၆ နာရီ အချိန်ခန့်က မြို့မစျေးနှင့် ယာယီပျံကျစျေးတို့၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။